ရှမ်းရွာသစ် ဧပြီ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများသည် မိသားစုအပိုဝင်ငွေရရှိရေးအတွက် တစ်ပိုင်တစ်နိုင် ဆပ်ပြာဆီပြုလုပ်ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ကြကြောင်း သိရသည်။
ဆပ်ပြာဆီပြုလုပ်ရာတွင် ပလပ်စတစ်ပုံအကြီးဖြင့် ဖျော်စပ်ရပြီး ရေ(၂၀)လီတာထည့်ရ၍ ဆပ် ပြာဆီ ပြုလုပ်ရသည့် ဂျယ်လီ၊ ဆန်အမှုန့်၊ စိတ်ကြိုက်အရောင်နှင့်အနံ့၊ ဆားတို့ကိုထည့်ပြီး ပါဝင်သောပစ္စည်းများကို အချိုးအဆအတိုင်း တစ်နာရီဖျော်စပ်ရကြောင်း၊ ဆပ်ပြာဆီသည် အိမ်သုံးအဝတ်လျှော်၊ အိုးဆေး၊ ပန်းကန်ဆေးခြင်းကို လူတိုင်းနီးပါး အသုံးပြုသောကြောင့် တစ်လီတာလျှင် (၁၃၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအဖြစ် အိုးမကွာအိမ်မကွာ လုပ်နိုင်သောကြောင့် ဒေသနေပြည်သူ အများစုပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။
ဘက်စုံသုံးဆပ်ပြာဆီလုပ်ငန်းသည် အိမ်ရှင်မများမိမိအိမ်မှာနေထိုင်ပြီး မိသားစုတစ်ပိုင် တစ်နိုင်လုပ် ကိုင်နိုင်သည့် အိမ်တွင်းမှုလုပ်ငန်းဖြစ်ပြီး အရင်းအနှီးနည်းနည်းဖြင့် အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြင်း၊ မိမိတို့အိမ်တွင် အသုံးပြုနိုင်သော ဆပ်ပြာဆီများကို ကိုယ်တိုင်ပြုလုပ်အသုံးပြုနိုင်ခြင်း၊ လုပ်ငန်းလုပ်ကိုင်ပြီး မိသားစုအပိုဝင်ငွေတိုးစေသော လုပ်ငန်း တစ်ခုဖြစ်ကြောင်း ဆပ်ပြာဆီပြုလုပ်ရောင်းချသည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)