ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

ငပုတော ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲဝင်(၂) ဦးသန်းဦးနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၁၁)နာရီ အချိန်က ငပုတောမြို့နယ် ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကမ်းနီကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ (၄)အုပ်စုမှ တောင်သူများအား တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာ၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက နိုင်ငံ့စီးပွားဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် သွင်းအားစုရယူထားသူများ အမြန်ပေးသွင်းရေး၊ စိုက်ဘဏ်နှစ်ဟောင်းကြွေးကျန်များ ပေးဆပ်ရေး၊  တစ်ဧကဆယ်တင်း အထွက်တိုးရေး ရိုးပြတ်ကျန်မရှိရေး၊ မီးဘေးကာကွယ်ရေး၊ ကျေးရွာ သန့်ရှင်းသာယာလှပမှုရှိစေရေး၊ ကျောင်းနေအရွယ်များအားလုံး ကျောင်းအပ်နှံရေး KG+9 ပြီးဆုံးအောင် ကျောင်းတက်ရေး မှာကြားခဲ့ပြီးနောက်၊ စိုက်ဘဏ် နှစ်ဟောင်းအကြွေးကျန် ပေးဆပ်မှုများ လက်ခံဆောင်ရွက်မှုအား ကြည့်ရှု့စစ်ဆေးခဲ့ကာ လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)