ရွှေကျင်မြို့တွင် စာဖတ်ဝိုင်းကျင်းပ

ရွှေကျင် ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် (၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း(Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “လူငယ်နဲ့ အခွင့်အလမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး၊ ရည်ရွယ်ချက်များကိုပြောကြားပြီး စာအုပ်တွင် ပါရှိသော “အခန်း(၁)နှင့်အခန်း(၂)”ကိုလည်းကောင်း၊ (Women Club)အဖွဲ့ဝင် ဒေါ်ဆွေဆွေ အောင်က “အခန်း(၃)နှင့်အခန်း(၄)”ကိုလည်းကောင်း၊ (Women Club)အဖွဲ့ဝင် ဒေါ်‌ခင်‌ဌေးက “အခန်း(၅)နှင့်အခန်း(၆)”ကိုလည်း‌ကောင်း၊ စာပေချစ်မြတ်နိုးသူ ဦးတင်အောင်က “အခန်း(၇)နှင့် အခန်း(၈)”ကိုလည်းကောင်း၊ ဦးအောင်နိုင်က “အခန်း(၉)နှင့်အခန်း(၁၀)”ကိုလည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ စာအုပ်၏အနှစ်သာရများနှင့် လေ့လာမှတ်သားစရာများဖြစ်သည့် လူမှုဘဝအတွေ့အကြုံများ၊ အပြောအဆို အနေအထိုင်များနှင့် သုတ/ရသ ရရှိပုံများကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏အတွေ့အကြုံများ၊ အသိပညာတို့ကို ရရှိ‌စေသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူး များကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ တိုးတက်လာစေရန် ရည်ရွယ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)