သဲကုန်း ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အဖြာဖြာအသိပညာပေး(Talk Show) ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး Talk Show တွင် သဲကုန်းမြို့နယ်မိခင်နှင့်ကလေးကျန်းမာဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးသန္တာနှင့် သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူတို့က မျိုးဆက်ပွား ကျန်းမာရေးရဲ့အဓိပ္ပါယ်၊ မျိုးဆက်ပွားအင်္ဂါ အစိတ်အပိုင်းများ၊ မျိုးဆက်ပွား ကျန်းမာရေးအတွက် အမျိုးသားများလိုက်နာရမည့်အချက်များ၊ ကိုယ်ဝန်ဆောင် မိခင်တစ်ဦး၏ လုံခြုံစိတ်ချစွာ ပြုမူနေထိုင်ရမည့်နည်းလမ်းများ၊ ဆောင်ရွက်ရမည့် အချက်များ၊ သားဆက်ခြားခြင်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်လျက်ရှိရာအဆိုပါ အသိပညာပေး Talk Show ကို သဲကုန်းမြို့နယ်ရုံး၏ လူမှုကွန်ယက် စာမျက်နှာများဖြစ်သည့် IPRD Thegon Facebook Page နှင့် သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တို့တွင် ထုတ်လွင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး