ငါးသိုင်းချောင်း ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် နေထိုင်လျက်ရှိသော မိဘပြည်သူများအနေဖြင့် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ယမန်နေ့ညနေ(၄)နာရီအချိန်က ငါးသိုင်းချောင်းမြို့၊ နယ်မြေမီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးဦးဝင်းနိုင်နှင့် တပ်ဖွဲ့ဝင်များက အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များရှိ လမ်းအသီးသီးတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်းသိရှိရပါသည်။
ထိုသို့ နှိုးဆော်ရာ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ပြည်သူများအနေဖြင့် မီးကိုပေါ့ဆစွာအသုံးမပြုကြဖို့၊ သတိရှိစွာသုံးစွဲကြရန်၊ မီးဖိုများကိုမြေပြင်ပေါ်အကာအရံဖြင့် ချက်ပြုတ်ကြရန်၊ မီးချိတ်/မီးကပ်များ စနစ်တကျပြုလုပ်ထားရှိရန်၊ စျေးဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးများထားရှိရန်၊ မိမိအိမ်၌ ပျက်စီးနေသောလျှပ်စစ်မီးခလုတ်၊ ဝါယာကြိုးများကို အသုံးမပြုကြရန်၊ မီးလောင်နေသည်ကိုတွေ့ရှိပါက နယ်မြမီးသတ်တပ်ဖွဲ့စခန်းသို့ အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်အကြောင်းကြားရန်နှင့် မီးသတ်ဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို ပြည်သူများသိရှိလိုက်နာကြရန် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရှိရပါသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)