ပန်းတောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပန်းတောင်း ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ တောင်ဘွေကျေးရွာအုပ်စု ငါးမျက်နှာကျေးရွာ(ရွာလေး)တွင် (၄၀၀ ပေ × ၃၀၀ ပေ)ရှိ သောက်သုံးရေကန်တူးဖော်ခြင်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ မတ်လ ၂၀ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ဧပြီ ၅ ရက်နေ့ထိ သောက်သုံးရေကန် ပြန်လည်တူးဖော်ခြင်းလုပ်ငန်းအား (၁၇၀၀ ကျင်း)လုပ်ငန်းတစ်ခုလုံး၏ (၃၀%)ပြီးစီးပြီဖြစ်သဖြင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။

သင်းသင်းအေး(ပြန်/ဆက်)