တနင်္သာရီမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံစစ်ဆေး

တနင်္သာရီ ဧပြီ ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့်တပ်ဖွဲ့ဝင်များသည်  အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၏ လမ်းညွှန်မှုအရ ဧပြီလ ၅ ရက် နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို လိုက်လံစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးနှင့်ပြည်သူ့စာကြည့်တိုက်အဆောက်အဦးများနှင့် စီမံကိန်း ရေးဆွဲရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဌာနဆိုင်ရာရုံးအဆောက်အဦနှင့် ရုံးအသုံးအဆောင်ပစ္စည်းများ မီးဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးနှင့် မီးချိပ်၊ မီးကတ်များ ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ဟောင်းနွမ်းပျက်စီးနေသော လျှပ်စစ် မိန်းခုံများနှင့် မီးပလပ်ခုံများ၊ လျှပ်စစ်အန္တရာယ် ဝါယာရှော့ဖြစ်ပေါ်စေနိုင်ပြီး ပေါက်ပြဲနေသော ဝါယာကြိုးများရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ပြင်ဆင်/လဲလှယ်စေခြင်း အသစ်ပြန်လည်တပ်ဆင်နိုင်ရန် အကြံပြုဆောင်ရွက်စေခဲ့ကြောင်း၊ ကျန်သည့်ဌာနဆိုင်ရာများကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

နန်းသာရီ~ထိန်ဝင်း