စလင်း ဧပြီ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူ ကလေးများအား မြို့နယ်ကြက်ခြေနီအသင်းခွဲ စလင်း၊ ဆင်ဖြူကျွန်းကြက်ခြေနီအသင်းခွဲမှ အခြေခံရှေးဦး ပြုစုခြင်းသင်တန်းကို မြို့နယ်ပညာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ယမန်နေ့ နံနက်(၈)နာရီ (၃၀)မိနစ်အချိန်က စတင်ကာ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်အထိ ဆင်ဖြူကျွန်း အခြေခံပညာအထက်တန်းကျောင်း ဆုနှင်းသဘင်ခန်းမဆောင်တွင် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနည်းပြ ဦးမင်းအောင်၊ ဦးသုထက်အောင်၊ ဦးသူရမြင့်ဝေ၊ ဦးမိုးခိုင်စိုး၊ ဒေါ်နွေးနွေး၊ ဒေါ်မိုးသီတာနှင့် အကူနည်းပြအဖြစ်၊ဦးရန်အောင်လင်း၊ ဦးဝိုင်းချစ်တို့မှဦဆောင်၍ နည်းပြများဖြင့် အခြေခံရှေးဦးပြုစုခြင်း သင်တန်းကို စာတွေ့လက်တွေ့သင်ကြားပေးလျက်ရှိသည်။ မြို့နယ်ကြက်ခြေနီအသင်းခွဲ အနေဖြင့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို မြို့နယ်အတွင်း နှစ်စဥ်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး၊ ဘေးအန္တရာယ်များကြုံတွေ့လာပါက၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအရေးပေါ် ပြုစုကုသနိုင်ရန်ရည်ရွယ်၍ သင်တန်းအားဖွင့်လှစ်ပို့ချခဲ့သည်။ သင်တန်းတွင် နည်းပြအသီးသီးတို့မှ ကြက်ခြေနီဖခင်ကြီး ဟင်နရီဒူးနန့် စတင် ပေါ်ပေါက်လာပုံ ကြက်ခြေနီအမှတ်အသားများအကြောင်းကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း၏ အခြေခံမူ (၇) ချက်မှ လူသားအချင်းချင်း စာနာထောက် ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာ့ဝန်ထမ်း အကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကမ္ဘာတစ်ဝန်းပျံနှံ့ခြင်းစသည့် မူဝါဒအချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြများမှ ကြက်ခြေနီအသင်း၏ ဘာသာရပ်အလိုက် သင်းကြားပို့ချခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ (၆) ဦး၊ အကူနည်းပြ (၂) ဦးတို့ဖြင့် ဆင်ဖြူကျွန်း ကျောင်းကြက်ခြေနီအသင်းဝင်များ သင်တန်းသား (၂၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းအား ဧပြီလ (၅) ရက်နေ့မှ ဧပြီလ (၇) ရက်နေ့အထိ (၃)ရက်တာမျှ စာတွေ့လက်တွေ့သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်၊