တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား မိုဘိုင်းဖုန်းဖြင့်ဓါတ်ပုံ၊ ဗွီဒီယိုရိုက်ကူးနည်း တစ်ရက်တာသင်တန်းဖွင့်လှစ်

တနင်္သာရီ ဧပြီ ၆

တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား အရည်အသွေးကောင်းမွန်သော ဓါတ်ပုံနှင့်ဗွီဒီယို မှတ်တမ်းများဖြင့် ရုံးလုပ်ငန်များ၊ စာကြည့်တိုက်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဧပြီလ၅ရက် မနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) အတွင်း မိုဘိုင်းဖုန်းဖြင့် ဓါတ်ပုံ၊ ဗွီဒီယို ရိုက်ကူးနည်း တစ်ရက်တာသင်တန်းကို ဦးစီးအရာရှိ ဦးထိန်ဝင်းက သင်ကြားပေးကြောင်း သိရသည်။

၎င်းသင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထိန်ဝင်းက သင်တန်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးပြီးနောက် မိုဘိုင်းဖုန်း ဖြင့်ဓါတ်ပုံရိုမည်ဆိုပါက မိုဘိုင်းဖုန်း တည်ငြိမ်စေရန်လက်ဖြင့်ကိုင်တွယ်နည်း၊ အထိန်းထေါင့် ဖြင့်ကိုင်တွယ်အသုံးပြုနည်း၊  (၁၆:၉) အချိုး မြင်ကွင်းကျယ်ဖြင့် ဓါတ်ပုံအယူအဆနှင့် နေရာချန်လှပ်၍ တုန်ခါမှုမရှိစေဘဲရိုက်ကူးနည်း၊ ဗွီဒီယိုရိုက်ကူးရာတွင် (၁၀) စက္ကန့်စီရိုက်နည်း၊ တစ်ဆက်တစ်စပ်တည်း ရိုက်ကူးနည်းနှင့် အမေး/ဖြေကဏ္ဍ အင်တာဗျူး ရိုက်ကူနည်းများကို လက်တွေ့ပြသပေးရာ ဌာနအတွင်းမှ ဝန်ထမ်း (၄) ဦးတို့က စိတ်ဝင်တစား လက်တွေ့လိုက်ပါဆောင်ရွက်ခဲ့ကြသည်။

နန်းသာရီထိန်ဝင်း