ချောက် ဧပြီ ၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံပိုမို ထွက်ရှိရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင် ဦးဆောင်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနများမှ တာဝန်ရှိသူများက စလေဥမင်ကိုးပေါက်လျှပ်စစ်မြစ်ရေတင်ဖြင့် နွေနှမ်းစိုက်ပျိုးမှု အခြေအနေ များကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ချောက်မြို့နယ်အတွင်း နွေနှမ်းကို လျှပ်စစ်မြစ်ရေတင်များဖြစ်သည့် စလေဥမင်ကိုးပေါက် လျှပ်စစ်မြစ်ရေတင်၊ ပခန်းငယ်လျှပ်စစ်မြစ်ရေတင်များဖြင့် လျာထား ၁၉၃ ဧက၊ မြေအောက်ရေဖြင့် ၂၇၇ ဧက၊ စုစုပေါင်း ၄၇၀ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့အထိ လျှပ်စစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးမှု ၁၈၉ ဧက၊ မြေအောက်ရေဖြင့် ၃၃၁ ဧက၊ စုစုပေါင်း ၅၂၀ ဧက စိုက်ပျိုးပြီးပြီဖြစ်၍ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်း လျှပ်စစ်မြစ်ရေတင်ဖြင့် ကျေးရွာအုပ်စု(၄)အုပ်စုတွင် စိုက်ပျိုးလျက်ရှိရာ စလေဥမင်ကိုးပေါက်မြစ်ရေတင်ဖြင့် စိုက်ပျိုးသော အုပ်စုများမှာ ဓာတ်မြေအုပ်စု၊ စလေအုပ်စု၊ ရသစ်အုပ်စု၊ ပခန်းငယ်မြစ်ရေတင်ဖြင့် ပခန်းငယ်အုပ်စုတို့ဖြစ်ပြီး မြေအောက်ရေဖြင့် ကျေးရွာအုပ်စု(၇)အုပ်စုတွင် စိုက်ပျိုးလျက်ရှိရာ လက်ပံကျွန်းအုပ်စု၊ ညီးစုအုပ်စု၊ ဥယျာဉ်အုပ်စု၊ ပခန်းငယ်အုပ်စု၊ စလင်းတောင်အုပ်စု၊ တောင်ဘလူအုပ်စု၊ ညောင်ချောင်းအုပ်စုတို့တွင် စိုက်ပျိုးလျက်ရှိသည်။ စိုက်ပျိုးသည့်မျိုးကွဲများမှာ ဆင်းရတနာ ၃၊ ဆင်း ရတနာ ၁၄၊ သိပ္ပံနှမ်းနက်တို့ဖြစ်ပြီး မတ်လ ၁ ရက်နေ့မှ စတင်၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)