အိမ်မဲ ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီတွင်ကျင်းပသည်။
စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး Women Club ဥက္ကဋ္ဌ ဒေါ်မူယာစိုးနှင့် အဖွဲ့ဝင်များက ပုရစ်ဖူးမောင်စေတနာ (ကျောက်မဲ)၏ အမျိုးသမီးများဘဝဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့ ဆောင်းပါးဖြင့် အချင်းချင်း အပြန်အလှန် မိမိတို့ ထင်မြင်ယူဆချက်များကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး Women Club အဖွဲ့ ဥက္ကဋ္ဌမှ အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနအား စာအုပ်စာစောင်များလှူဒါန်းပေးခဲ့ရာ မြို့နယ်ဦးစီးအရာရှိက လက်ခံရယူခဲ့သည်။
ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ ရရှိစေမည့် စာအုပ်စာ စောင်များ၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှု တားဆီကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိရာ Women Club အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့သည်။
ချစ်သက်လယ်(အိမ်မဲ)