ဘုတ်ပြင်းမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ်ထုတ်ပြန်ကြေညာ

ဘုတ်ပြင်း   အောက်တိုဘာ  ၂ 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် နေ့ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  မဲဆန္ဒရှင်အမည်စာရင်းများ အောက်တိုဘာလ  ၁  ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ   ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာ လျက်ရှိကြောင်း သိရသည်။

မဲဆန္ဒရှင်အမည်စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ သက်ဆိုင်ရာ ရပ်ကွက်တွင် (၁၄)ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် ကပ်ထားကြေညာသွားမှာဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိအမည် မဲစာရင်းတွင်မပါ ဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူ များ ပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊မဲစာရင်းပါ အချက်အလက် များ မှားယွင်းနေပါက ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများ လျှောက်ထားလာသူများရှိလာပါက သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်စိစစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

မဲဆန္ဒရှင်များမှ လိုအပ်သည့်တောင်းဆိုမှု ၊ ပြင်ဆင်မှု ၊ ကန့်ကွက်မှုများ ကို ကြေညာပြီးသည့် နေ့မှ ၁၄ ရက်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မရှုံးဆုံးစေရေး မဲစာရင်းလာရောက်ကြည့်ရှု ကြရန် သက်ဆိုင်ရာ   ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက နှိုးဆော်ထားကြောင်း သိရသည်။

သန်းထွန်းဦး( ပြန်/ဆက်)