ပဲခူး ဧပြီ ၅
ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေ ၄ နာရီက ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုရားအမှူးပြုသော ဩဝါဒစရိယဆရာတော်ကြီး (၉)ပါး သုံးဂိုဏ်းဝင်သံဃာတော်များဖြစ်သည့် သုဓမ္မာ(၂၃၅)ပါး ရွှေကျင် (၂၃၅)ပါး၊နှင့် ဒွါရ (၂၀)ပါးတို့ ပါဝင်သော သံဃာတော်အရှင်သူမြတ် အပါး(၅၀၀)တို့အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)