ရေကြည် အောက်တိုဘာ ၂
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ မြို့နယ်ပညာရေး ဝန်ထမ်းမိသားစုမှ ငွေကျပ်(၂၈)သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ငွေကျပ်(၅)သိန်း၊ မြန်မာ့သြဘာလုပ်ငန်းစု ကုမ္မဏီမှ ငွေကျပ်(၃)သိန်း၊ မြို့နယ် ဆောက်လုပ်ရေး ဦးစီးအရာရှိ ဦးကိုကိုခိုင်နှင့် ဝန်ထမ်းများမှ ငွေကျပ်(၅)သိန်း၊ မြို့နယ်မြေစာရင်း ဦးစီးဌာနမှ ငွေကျပ်(၂)သိန်း၊ ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးမျိုးလွင်နှင့်ဝန်ထမ်းများက ငွေကျပ်(၁)သိန်း လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လာရောက်လှူဒါန်းကြသော စုစုပေါင်းငွေကျပ်(၄၄)သိန်းအား ရေကြည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)