ရေတာရှည်မြို့နယ် Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

ရေတာရှည် ​ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ​​​ရနံ့သိုက် ရေးသားသည့် "​သင့်အနာဂတ်ကိုသင်ကိုယ်တိုင်ဖန်တီးယူပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ကြူကြူခိုင်မှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး "သင့်ဘဝက သင့်အလုပ်ပါ" ​ခေါင်းစဥ်ဖြင့်လည်း​ကောင်း (Book Club) အဖွဲ့ဝင် ဦးမြင့်ဦးက "စီမံကိန်းချလုပ်​ဆောင်ခြင်း" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဦး​ငွေစိုးမှ "ကိုယ့်ဘဝကိုယ့်အချိန်"ကိုလည်းကောင်း (Youth Club) အဖွဲ့၀င်​မောင်​အောင်မြင့်သူမှ "​စိတ်၏​စေရာ"ကိုလည်းကောင်း ခေါင်းစဥ်အသီးသီးဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကိုရရှိသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)