ဒေးဒရဲ ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဌာနဆိုင်ရာများနှင့် ကော်မတီဝင်များ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန်၊ သင်္ကြန်မဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်သွားရန်၊ ရပ်ကွက်၊ ကျေးရွာများမှ အကအလှယိမ်းများအတွက် ကြိုပို့ယာဥ်များနှင့် နားခိုရာနေရာများ ကြိုတင်ပြင်ဆင်ထားရန်၊ ပြည်သူများအား အေးချမ်းပျော်ရွှင်စွာ ရေကစားရန်၊ ရေရရှိရေး၊ စတုဒီသာကျွေးမွေးရန် အဖွဲ့များခွဲ၍ နေ့အလိုက် ဆောင်ရွက်သွားရန်၊ နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရားတော်များ နာယူပွားများနိုင်ရေးနှင့် သက်ကြီးပူဇော်ပွဲများ ကျင်းပနိုင်ရေး ကြိုတင်ဆောင်ရွက်ထားရန် မှာကြားဆွေးနွေးခဲ့ရာ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ကော်မတီဝင်များက မဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က လိုအပ်ချက်များ ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း