ဘုတ်ပြင်း အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒ ရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအသီးသီးတွင် တာဝန်ထမ်း ဆောင် မည့် အထူးရဲ( ၁၁၄ )ဦးအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ အောက်တိုဘာလ ၁ ရက်မှ စတင်၍ သင်တန်းပို့ချပေးလျက်ရှိကြောင်းသိရသည်။
ဘုတ်ပြင်းမြို့နယ်အတွင်း ထွေထွေရွေးကောက်ပွဲကျင်းပမည့် လျာထားမဲရုံ (၁၁၄ )ရုံ အတွက် မဲရုံများကို လာရောက်မဲပေးရာတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ၏ လုံခြုံရေးနှင့် ရွေးကောက် ပွဲကာလအတွင်း အထူးရဲများအနေဖြင့် ဆောင်ရွက်ရမည့်အချက်များကို လိုက်နာ ကူညီဆောင်ရွက်နိုင်စေရန် သင်တန်းကို ပို့ချခြင်းဖြစ်ကြောင်း သိရသည်။
အထူးရဲများအနေဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အပါအဝင် ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့်ပူးပေါင်း၍ မဲရုံလုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေး မှာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပနေစဉ် မဲဆန္ဒရှင်ပြည်သူများ မဲမပေးနိုင်အောင်ဟန်တားမှုမဖြစ်ပေါ်စေရေး၊ မဲရုံ ပရိဝုဏ်အတွင်း မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးနှင့်မူးယစ် သောက်စား ရမ်းကားဆူပူမှုများ မဖြစ်ပေါ်စေရေးအတွက် လှည့်ကင်းများ ရပ်ကင်းများ လုံခြုံရေးကို ဆောင်ရွက်ပေး သွားမှာဖြစ်ပြီး သင်တန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပို့ချသွားမှာဖြစ်ပြီး အထူးရဲများအနေဖြင့် ရွေးကောက်ပွဲပြီးစီးချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဆန္ဒရှိပါက သတ်မှတ်ချက်နှင့်ကိုက်ညီလျှင် လျှောက်ထားနိုင်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးဦးထံမှ သိရသည်။
သန်းထွန်းဦး( ပြန်/ဆက်)