ဟုမ္မလင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် အင်္ဂလိပ်စွမ်းရည်​ပြိုင်ပွဲကျင်းပ

ဟုမ္မလင်း ဧပြီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်္ချာစွမ်းရည်​ပြိုင်နှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို (၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ကျောင်းသား/သူများအား ဥာဏ်ရည်၊ ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးထက်မြတ်လာစေရန် အသိပညာဗဟုသုတများတိုးလာစေရန် ရည်ရွယ်၍ပြိုင်ပွဲများ ကျင်းပပေးရဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ မူလတန်း ထက်/ဆင့်  ကျောင်းသား/သူ(၂၀)ဦးက ပြိုင်ပွဲများ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု  တတိယဆု၊ နှစ်သိမ့်ဆုရရှိသူများကို အင်္ဂလိပ်-မြန်မာ ဘာသာပြန်ပုံပြင်စာအုပ်များ၊ မြန်ပုံပြင်များ၊ မြန်မာဆိုရိုးစကား
စာအုပ်များကို ဟုမ္မလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများကဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)