ကျိုက်လတ်၌ စက်သုံးဆီဆိုင်အရောင်းဝန်ထမ်းများ မီးဘေးလုံခြုံရေးနှင့် မီးငြှိမ်းသတ်ရေးသင်တန်းဖွင့်

ကျိုက်လတ် ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ယနေ့ နံနက်(၉)နာရီက စက်သုံးဆီဆိုင် အရောင်းဝန်ထမ်းများ မီးဘေးလုံခြုံရေးနှင့် မီးငြှိမ်းသတ်ရေး သင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦဇေယျာမင်းက ကျိုက်လတ်မြို့နယ်အတွင်းရှိ တရားဝင်စက်သုံးဆီဆိုင် ဝန်ထမ်းများအား မီးသတိမူရေးနှင့် မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများအား လက်တွေ့ကိုင်တွယ် အသုံးပြုတတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါရက်တိုသင်တန်းကို သင်တန်းသား(၂၅)ဦး တက်ရောက်ခဲ့ပြီး ဧပြီလ(၅)ရက်နေ့မှ (၇)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။

ဒေါ်ရီရီမြင့်

ကျိုက်လတ်(ပြန်/ဆက်)