ညောင်တုန်း ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား မှာကြားဆွေးနွေးပြီး တာဝန်ပေးအပ်ထားသော ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှ မိမိတာဝန်ကျရာ အခန်းကဏ္ဍအလိုက် အားကြိုးမာန်တက် ပူးပေါင်း၍ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မတီများတွင် ပါဝင်သည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)