ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  တန်ခူးလအကြောင်း သိကောင်းစရာ (Talk  Show) ကျင်းပ

ကြံခင်း ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ပြည်သူများအသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး တန်ခူးလအကြောင်း သိကောင်းစရာ (Talk Show) အစီအစဉ်ကို  ယမန်နေ့  နေ့လည်ပိုင်းက  ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်မှ (Talk Show) ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ ကြံခင်းမြို့နယ် (Book Club) အဖွဲ့ဝင် ဦးသိန်းစိုးက တန်ခူးနဲ့တာကူးရဲ့အဓိပ္ပါယ်၊ မြန်မာနှစ်သစ်ကူးနှင့် ရေကစားခြင်း၊ မြန်မာ့(၁၂)လရာသီနှင့် သင်္ကြန်ဆိုတာ၊  မြန်မာလူမျိုးများ၏ ချစ်မြတ်နိုးစရာ  နှစ်သစ်ကူးတန်ခူးလမဟာသင်္ကြန်ပွဲတော်အကြောင်း  သိကောင်းစရာများစတဲ့ အချက်များအား ဗဟုသုတရရှိစေရန်  အသိပညာပေး ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။

ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre)ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး (Talk Show)အစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ်  ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)