ပန်ဆောင်မြို့နယ်ခွဲ၊ လောက်လိုင်ကျေးရွာတွင် သဘာဝဂရိဖုသီးများ အောင်မြင်ဖြစ်ထွန်း

ပန်ဆောင် အောက်တိုဘာ ၂

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့နယ်ခွဲအတွင်းရှိ နောင်ယန်းအုပ်စု၊ လောက်လိုင်ကျေးရွာတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည့် သဘာဝထွက် ဂရိဖုသီးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါဂရိဖုသီးများကို ပန်ဆောင်၊ နန်းယွန်းနှင့် အခြားမြို့ရွာများမှလည်း ဝယ်ယူကြပြီး ရာသီပေါ်ချိန်တွင် တစ်လုံး (၂၅၀)ကျပ်မှ (၃၀၀)ကျပ်ရှိပြီး ဈေးကွက်တွင် တစ်လုံး(၅၀၀)ကျပ်အထိ ရောင်းချကာ မိသားစုဝင်ငွေရရှိကြောင်း တစ်ပိုင်တစ်နိုင် ဂရိဖုစိုက်ပျိုးသူဒေသခံ ဦးမွေဘာထံမှ သိရသည်။

ဂျာယော်(ပြန်/ဆက်)