ဖြူး ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီ-ဂျေပူ-ရန်းနဂါး-သစ်ချောက်ခင် ကျေးရွာချင်း ဆက်သွယ်သည့်လမ်းအား နွေမိုးဆောင်း အဆင်ပြေစွာ အသုံးပြုနိုင်စေရေး ဖြူးမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှဆောင်ရွက်သော ကျောက်ချောလမ်းခင်းခြင်း ပြီးစီးသွားသောကြောင့် ယနေ့ နံနက်ပိုင်းက ဖြူးမြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းအား လမ်းအရှည်(၁)မိုင်(၃)ဖာလုံ၊ လမ်းအကျယ်(၁၄)ပေ၊ ထု(၁၄)လက္မအတွက် ခွင့်ပြုရန်ပုံငွေ(၁၆၃)သန်းဖြင့် ဖေဖော်ဝါရီမှစတင်၍ လမ်းကြီးကြပ်ရေးအဖွဲ့မှ ဦးဆောင်ကာလိုအပ်သည့် ကျောက်များစုဆောင်းခြင်း၊ လမ်းတိုင်းတာခြင်းနှင့် လမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ မတ်လကုန်တွင် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ဖြူးမြို့နယ် လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)နှင့် တာဝန်ရှိသူများက လမ်းပြီးစီးမှုနှင့်ပတ်သက်သည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ ဆက်)