သရက်မြို့၌ အခြေခံ ရှေ့ဦးပြုစုခြင်း သင်တန်းဖွင့်လှစ်

သရက် ဧပြီ ၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အခြေခံရှေ့ဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့ နံနက်(၉)နာရီက သဟာယစာကြည့်တိုက်တွင် ဖွင့်လှစ်ရာ သင်တန်းသား၊ သင်တန်းသူ (၁၆) ဦးတက်ရောက်ခဲ့သည်။

အဆိုပါ သင်တန်းတွင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ခရိုင်တပ်ဖွဲ့မှူး ဦးအောင်နိုင်ဦးက ကြက်ခြေနီသမိုင်းအကြောင်း သိကောင်းစရာများနှင့် သင်တန်းတွင် ပို့ချသင်ကြားပေးမည့် အကြောင်းအရာများအား ပြောကြားပေးခဲ့ပြီး သင်တန်းအား ဆက်လက်ပို့ချပေးခဲ့သည်။

အဆိုပါ သင်တန်းတွင် ကြက်ခြေနီမူ (၇)ချက်ဖြစ်သည့် လူသားချင်းစာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာဝန်ထမ်း အကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကမ္ဘာ့တစ်ဝန်းပျံနှံ့ခြင်းစသည့် အချက်များ သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းကို ဧပြီလ (၅) ရက်မှ (၇) ရက်နေ့ထိ နေ့စဉ် နံနက် (၉) နာရီမှ (၁၂) နာရီ၊ မွန်းလွဲ (၁) နာရီမှ ညနေ (၄) နာရီထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)