စလင်းမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

စလင်း ဧပြီ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ကာ မြို့ပေါ်ရပ်ကွက်စုရပ် (၃) နေရာတို့တွင် မိခင်နှင့်ကလေးဌာန၊ ကျန်းမာရေးဆရာမများက ဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းးမားရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက စလင်းမြို့ပေါ်ရပ်ကွက် (၈) ရပ်ကွက်ဖြစ်သည့် ပေါင်းနား၊ ကျောင်းကြား၊ မြင်တင်၊ ပုထိုးဖြူ၊ မြေမိကုန်း၊ စာစီကျောင်း၊ စျေးမ၊ ပေါင်းပင်ဇင်းရပ်ကွက်တို့ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် ငါးမျိုးစပ် ကာကွယ်ဆေးဖြစ််သည့် ဂျိုက်သိုး၊ ဝက်သက်၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါနှင့် မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် တိုက်ကျွေးခြင်းများကို ပေါင်းနားရပ်ကွက် မင်းအာကာဘုရားတန်ဆောင်းအတွင်းနှင့် စျေးမရပ်ကွက်၊ ခြောက်ဆူဘုရားတန်ဆောင်း အတွင်းတို့တွင်လည်းကောင်း မြင်တင်ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို မြင်တင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် အုပ်စုနေရာများခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်၊