ကံမ ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ပြည်သူများ သိရှိလိုက်နာနိုင်ရန် အသိပညာပေး မြေစိုက်ပိုစတာများကို မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများတွင် မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူး ဦးထွန်းလွင်နှင့် ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက စိုက်ထူခဲ့ကြသည်။
အဆိုပါ အသိပညာပေးမြေစိုက်ပိုစတာများတွင် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေး ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ၊ လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် သတိပြုရမည့်အချက်များ၊ လျှပ်စစ်အန္တရာယ် ဖြစ်နိုင်သော အခြေအနေများအား တွေ့ရှိပါက နီးစပ်ရာ လျှပ်စစ်ရုံးများသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားရန်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ အစရှိသည်တို့ ပါဝင်ကြောင်း မြို့နယ်လျှပ်စစ်မှူးရုံးမှ သိရသည်။
ကျော်ဇေယျဝင်း (ကံမ)