နတ်မောက် ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့၌ ယာဉ်အန္တရာယ်မတော်တဆမဖြစ်စေရေး၊ မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သတိပြုလိုက်နာစေရေးအတွက် မြို့မရဲစခန်းရှေ့၊ နတ်မောက်-ပျော်ဘွယ်လမ်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ အသိပညာပေးခြင်းနှင့် သိမှတ်ဖွယ်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
မူမူစန်း