ကျောင်းကုန်း၌ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ စည်ပင်သာယာရေး ဝန်ထမ်းများအား စားသောက်ကုန်များ ထောက်ပံ့

ကျောင်းကုန်း  အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ စည်ပင်သာယာရေး ဝန်ထမ်းများအား အ​ခြေခံစားသောက်ကုန် ()မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါရုံး၌ ပြုလုပ်ခဲ့​ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်အောင်ဆွေ က တတ်အားသ၍ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း၊ မိသားစုများ အဆင်ပြေစေရေး ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းက မိမိကျန်းမာရေး ကောင်းမွန်အောင်နေထိုင်ခြင်းဟာ အများကို ကူညီပေးနေခြင်း‌ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု ကိုဗစ်ကာလတွင် မလိုအပ်ပဲ နေအိမ်ပြင်ပသို့ မထွက်ကြပဲ တတ်နိုင်သလောက် နေအိမ်၌သာ နေထိုင်ကြရန်၊ လူစုလူဝေးရှိသည့်နေရာသို့ မသွားကြရန်၊ ကျန်းမာရေးဌာနက တိုက်တွန်းနှိုးဆော် ထားလျက်ရှိရာ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ကျောင်းကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်း(၂၈)ဦးအား ဆန်(၁၀)ပြည်၊ ကြက်သွန်နီ()ပိဿာ၊ ဆီ()ပိဿာ၊ ဆား(၅၀)သား၊ ကုလားပဲ (၅၀)သား တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)