ပိုက်ကျုံ ဧပြီ ၅
စိုက်ပျိုးရေးကဏ္ဍတွင် ကုန်ထုတ်လုပ်မှုတိုးတက်လာစေရန် ကျန်းမာရေးနှင့်ညီ အာဟာပြည့်ဝပြီး အစားအစာများ ဘေးကင်းလုံစွာ စားသုံးနိုင်ရေးအတွက် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ၌ သဘာဝဓာတ်မြေသြဇာဖြစ်သည့် အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်နည်းကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် လက်တွေ့သရုပ်ပြပွဲ ကျင်းပခဲ့သည်။
အဆိုပါသရုပ်ပြပွဲတွင် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက အီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်းအဆင့်ဆင့်နှင့် အီးအမ်ဘိုကာရှီမြေဆွေးအသုံးပြုခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ပိုင်ကျုံမြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက အီးအမ် ဘိုကာရှီမြေဆွေးသဘာဝမြေသြဇာပြုလုပ်ပုံအဆင့်ဆင့် ကို လက်တွေ့ပြသခဲ့သည် ။
ထိုသို့လက်တွေ့ပြသခြင်းကြောင့် တက်ရောက်လာသည့် တောင်သူများအနေဖြင့် မိမိတို့၏ လယ်ယာမြေများ၌ စိုက်ပျိုးရေးလုပ်ငန်များ ဆောင်ရွက်ရာတွင်အထောက်အကူဖြစ်စေကြောင်း၊ အီးအမ်ဘိုကာရှီမြေဆွေးအသုံးပြုခြင်းကြောင့် သီးနှံအထွက်နှုန်းတိုးစေမည့်အပြင် မိမိတို့၏ လယ်ယာမြေများကိုလည်း သဘာဝအလျောက် ပြုပြင်ပေးသည့်အချက်များကို သိရှိလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။
နော်ခူး(ပြန်/ဆက်)