မင်းဘူးမြို့၌ ‌ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်သင်ကြား

မင်းဘူး ဧပြီ ၅

မကွေးတိုင်းဒေသကြီး၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ငွေစာရင်းထိန်း သိမ်းနည်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းတွင် မကွေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြင်ကြင်သန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ငွေစာရင်း ထိန်းသိမ်းနည်းပညာကို နားလည်တတ်ကျွမ်းလာကာ အသုံးစရိတ်များကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ အသုံးပြု တတ်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းတွင် ဘဏ္ဍာရေးစည်းမျဉ်းများ၊ ငွေစာရင်းလချုပ်တွင် ပါဝင်ရမည့် အချက်များနှင့် ဦးစီးဌာနများ၏ အခြေခံစာရင်းပြု ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းနှင့် ညွှန်ကြားချက်များအား ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမှာဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဧပြီလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ (၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချ သွားမှာဖြစ်ပြီး မင်းဘူးခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ အရာထမ်း၊ အမှုထမ်း (၂၀) ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ဝင်းနိုင်( ပြန်/ဆက်)