ကန့်ဘလူမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်မာရေးစောင့်ရှေက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

ကန့်ဘလူ ဧပြီ ၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ကန့်ဘလူမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အလေးချိန်ချိန်ခြင်း၊ အရပ် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဝမ်းဗိုက်စမ်းသပ်စစ်ဆေး၍ သန္ဓေသားအနေအထား မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ပြုပြင်ပေးခြင်း၊ သွေးတိုး၊ ဆီးချို ရှိ/မရှိ သွေးဖောက်စစ်ဆေးပေးခြင်း၊ လက်ရှိရောဂါ ဝေဒနာ ရှိ/မရှိ မေးမြန်းပြီး လိုအပ်သည့် ဆေးဝါးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို လစဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)