ပထမပြန်စာ​မေးပွဲ​ဖြေဆိုသံဃာ​တော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည့် အလှူရှင်များအား ဂုဏ်ပြုချီးမြှင့်

ရေတာရှည် ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကံမြင့်ဘုန်းတော်ကြီးကျောင်းတိုက်၌ ယမန်နေ့နံနက်ပိုင်းတွင် ၂၀၂၃ ခုနှစ်၊ နိုင်ငံတော်အစိုးရပါဠိပထမပြန်စာမေးပွဲ စာဖြေသံဃာ​တော်များနှင့် ၂၀၂၂ ခုနှစ် နိုင်ငံ​တော်အစိုးရပါဠိပထမပြန်စာ​မေးပွဲ စာအောင်သံဃာတော်များအတွက် နေ့ဆွမ်းဆပ်ကပ်သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်​ဆောင် ဘဒ္ဒန္တပညာ​ဇောတမှ ရေစက်ချအနုမောဒနာတရား နာကြားခဲ့ကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက မတ်လ ၂၈ ရက်​နေ့မှ ဧပြီလ ၃ ရက်​နေ့အထိ ကျင်းပခဲ့သည့် နိုင်ငံ​တော်အစိုးရပါဠိပထမပြန်စာမေးပွဲ စာ​ဖြေသံဃာ​တော် (၈၀) ပါးအတွက် နေ့စဉ်ဆွမ်းကပ်လှူပူဇော်ခဲ့သည့် အလှူရှင်များနှင့် ၂၀၂၂ ခုနှစ် နိုင်ငံ​တော်အစိုးရပါဠိပထမပြန်စာ​မေးပွဲ စာ​အောင်သံဃာ​တော် (၄၂) ပါးအတွက် နေ့ဆွမ်းဆပ်ကပ်သည့် စေတနာရှင်အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)