ဝါးခယ်မမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဆက်တိုက်လေ့ကျင့်

ဝါးခယ်မ ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ မြသိန်းတန်ရပ်ကွက်၊ ကောင်းထက်ဆီဆိုင်တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

ယင်းသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးအရာရှိ ဦးတိုးနိုင်ဦး၊ လက်ထောက်မီးသတ်ဦးစီးမှူး စည်သူဝင်းမောင်နှင့် တပ်ဖွဲ့ဝင် (၈)ဦး၊ မြသိန်းတန်ရပ်ကွက်၊ ရွာလယ်အုပ်ချုပ်ရေးမှူးနှင့် ဆိုင်ဝန်ထမ်းများပူးပေါင်း၍ ဝါးခယ်မမြို့နေ ပြည်သူများအား မီးသတ်ယာဥ်ဖြင့် မီးငြှိမ်းသတ် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ နည်းလမ်းများအား ပြသခြင်း၊ မီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်သည့်နည်းများဖြင့် မြို့နေပြည်သူများနှင့်အတူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့‌ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)