ရွေးကောက်ပွဲများတွင် အီလက်ထရောနစ်မဲပေးစက် (Election Voting Machine) အသုံးပြု မဲပေးနိုင်ရေး စီစဥ်ဆောင်ရွက်ထားရှိမှုများနှင့် မဲရုံများတွင် စနစ်တကျမဲပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ

အိမ်မဲ ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဆောင်ရွက်သည့် ရွေးကောက်ပွဲများတွင် အီလက်ထရောနစ်မဲပေးစက် (Election Voting Machine) အသုံးပြု မဲပေးနိုင်ရေး စီစဥ်ဆောင်ရွက်ထားရှိမှုများနှင့် မဲရုံများတွင် စနစ်တကျ မဲပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြောင်းမြခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းစိုးက မဲစာရင်းထဲတွင် စာရင်းပါရှိနိုင်သည့်အကြောင်း၊ (နိုင်)ကတ် ထပ်ရသည့်အကြောင်းအရင်း၊ အီလက်ထရောနစ် မဲပေးစက် (Election Voting Machine)ဖြင့် မဲပေးသည့်အခါ လူတစ်ဦးလျှင် ကြာချိန် ()စက္ကန့်သာ ကြာမြင့်မည့်အကြောင်းနှင့် မဲရုံများတွင် စနစ်တကျမဲပေးနိုင်ရေးတို့ကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာစာရေးများဖြင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

ချစ်သက်လယ်(အိမ်မဲ)