ဘုတလင် ဧပြီ ၃
ဘုတလင်မြို့၊ သံဃာ့နာယကအဖွဲ့မှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်နှင့် ရှင်ကျင့်ဝတ်စာမေးပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် ဆုပေးပွဲအခမ်းအနားကို ဘုတလင်မြို့၊ ရန်မျိုးအောင်ဘုရားဝန်းအတွင်းရှိ ဓမ္မာရုံတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုသည်။
အဆိုပါအခမ်းအနားတွင် အစီအစဉ်အရ နမောတဿ(၃)ကြိမ်ရွတ်ဆိုပြီးအခမ်းအနားဖွင့်လှစ်ပြီး ပါဠိပထမပြန်ကြီးကြပ်ရေး ပါဠိပထမပြန်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးလာဘမှ ငါးပါးသီလ တရားတော်မြတ်ချီးမြင့်ခြင်း၊ မြို့နယ်သံဃနာယကအဖွဲ့ဉက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဦးသာသနမှ ဩဝါဒကထာ ချီးမြင့်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းနိုင်က သာသနာရေးဆိုင်ရာ လျှောက်ထားလွှာအား ဖတ်ကြားခြင်း၊ ပါဠိပထမပြန်စာမေးပွဲနှင့် ရှင်ကျင့်ဝတ်စာမေးပွဲ ကျင်းပနိုင်ရေးအတွက် နယကဆရာတော်ကြီးများ၊ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာတော်ကြီးများ၊ ပထမပြန်စာမေးပွဲ ကြီးကြပ်ဆရာတော်များအား လှူဒါန်းငွေများ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပါဠိပထမပြန်စာမေးပွဲနှင့် ရှင်ကျင့်ဝတ်၊ ဆက်လက်၍ ပါဠိပထမပြန် စာမေးပွဲနှင့် ရှင်ကျင့်ဝတ်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် ဆုများ အသီးသီးဆက်ကပ်လှူဒါန်းကြပြီး တက်ရောက်လာကြသည့် ဧည့်ပရိသတ်များမှ ရေစက်သွန်းချ သာဓုအနုမောဒနာတရားနာယူကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုပြီး အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းကာ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များအား ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)