ဘုရားသုံးဆူ ဧပြီ ၅
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာများအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၃) ရပ််ကွက် ဓမ္မဟေဝန်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားတက်ရောက် လာကြသူများမှ " နမောတဿ" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီးနောက် ပြည်နယ်အကျိုးတော်ဆောင် ဆရာတော်ထံမှ ငါးပါးသီလခံယူခြင်း၊ လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်း၊ စာအောင်သံဃာများအား စာအောင်ဆုလက်မှတ်နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ မွန်းလွဲ ၁၁ နာရီခွဲတွင် ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အခမ်းအနားသို့ ကရင်ပြည်နယ် သံဃနာယကအကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဝဏ္ဏဿရ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) သဒ္ဓမဝါစီမင်းကျောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ ကြီးကြပ်ရေးဆရာတော်များ၊ စာအောင်သံဃာ/သီလရှင် စုစုပေါင်း (၂၆ )ပါးကြွရောက်ခဲ့ပြီး ရတခလရ (၂၈၄) တပ်ရင်းမှူး၊ ဘုရားသုံးဆူမြို့ သာသနာရေးမှူးနှင့်အလှူရှင်များ (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းသန်း