သံတောင်ကြီးဒေသတွင် နနွင်းများအထွက်နှုန်းကောင်းသော်လည်း ဈေးနှုန်းကျဆင်း

သံတောင်ကြီး ဧပြီ ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်း ဖာလာပင်၊ ကွမ်းသီး စသည့်နှစ်ရှည်ပင်များကို အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုးလုပ်ကိုင်လျက် ရှိရာ ယခုနှစ်ပိုင်း၌ အဆိုပါနှစ်ရှည်ပင်များအပြင် နနွင်းကိုလည်းအဓိက စိုက်ပျိုးလုပ်ကိုင်လာခဲ့ပြီး ယခုနှစ်တွင် နနွင်းများ အထွက်နှုန်း ကောင်းသော်လည်း ဧပြီလ ပထမပတ်တွင် နနွင်းခြောက်များ  ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။

အဆိုပါ နနွင်းကိုတူးပြီးရေးဆေးပေးခြင်း၊ နူးအောင်ပြုတ်ကာနေပူလှန်းခြင်းတို့ကို ဆောင်ရွက်ပြီး ရရှိလာသည့်နနွင်းများကို အရောင် တက်လာစေရန် ဇကာများဖြင့် နေလှန်းကာသံတောင်ကြီးမြို့ပေါ်နှင့် တောင်ငူမြို့ရှိ အဝယ်ဒိုင်များထံသို့ ရောင်းချပေးလျက်ရှိပြီး နနွင်းများစတင်တူးဖော်သည့် ဇန်နဝါရီလတွင် အခြောက်တစ်ပိဿာ ကျပ်(၆၀၀၀) အထိ ရရှိသော်လည်း ယခုဧပြီလ ပထမပတ်တွင်နနွင်း အခြောက်တစ်ပိဿာလျှင်ကျပ် (၄၀၀၀)သာရရှိပြီး ဈေးနှုန်းကျဆင်းကြောင်း သိရသည်။

နော်နော်မူ