ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ရှမ်းရွာသစ် ဧပြီ ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသား/ သူလူငယ်လေးများ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး၊ အပူဒါဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြောပြီးနောက်  စိုက်ပျိုးပြီးသစ် ပင်များရှင်သန်စေရေးပြုစုပေး၊ ရေ၊ မြေ၊ သစ်ပင်နီတိ၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းလျှင် အကျိုးရှိမှာအမှန်ပင်၊ သစ်တောသစ်ပင်ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ကြပါ၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ဖျက်ဆီးခြင်းဖြင့် ကမ္ဘာကြီးကိုကယ်တင်ပါ၊ အမှိုက်များ၏ ဆွေးမြေ့မှုသက်တမ်းများစသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး အကြောင်းအရာအရာများ၊ အပူဒါဏ်အန္တရာယ်ဆိုင်ရာ အကြောင်းအရာများ ပါဝင်သော နံရံကပ်စာစောင်များကို ကျောင်းသား/သူလူငယ်လေးများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအပြင် အသိပညာပေး ဆွေးနွေးပွဲအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း၊ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးခြင်းစသည့် ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို လစဉ်ပုံမှန်ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)