ပခုက္ကူမြို့နယ်တွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ယုံကြည်စိတ်ချရသည့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍  စားသုံးသူရေးရာအသိပညာပေး(Talk Show) ပွဲအစီအစဉ်ပြုလုပ်

ပခုက္ကူ  ဧပြီ ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ယုံကြည်စိတ်ချရသည့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးနိုင်ရေးရည်ရွယ်၍ စားသုံးသူရေးရာအသိ ပညာပေး (Talk Show) ပွဲအစီအစဉ် ကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။

ပထမဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာနှင့်ပတ်သက်၍ မေးခွန်းများမေးမြန်းရာ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က “စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူ ပြည်သူများအနေဖြင့် ကုန်စည် (သို့) ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲသည့်အခါ ဘေးအန္တရာယ်ကင်းရှင်းပြီး ယုံကြည်စိတ်ချရသော ကုန်ပစ္စည်းများဖြစ်ရေး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးရမည့်အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မူများကို တိုက်ရိုက်သုံးစွဲသူ ပြည်သူအများရရှိခံစားရမည့် အကျိုးကျေးဇူးများနှင့် သိရှိသင့်သည့်အချက်အလက်များ၊ စားသုံးသူကော်မတီ အဆင့်ဆင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနေမှုများ၊ ဦးစီးဌာန၏ ရည်မှန်းချက်နှင့်မျှော်မှန်းချက်များ” စသည့် အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)