မြို့သစ် အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊မြို့သစ်မြို့၊ သနန်ကျေးရွာ၌ အသက်(၁)နှစ်အောက် ကလေး ငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များ အား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်း က Covid-19 ကူးစက်ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးရာတွင် မွေးကင်းစမှ အသက်တစ်နှစ်အောက်အထိ ကလေးငယ်များအား အသက်အရွယ် အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)နှင့်ပိုလီယိုအစက်ချကာကွယ်ဆေး၊ကလေးကိုယ်အလေးချိန် တိုင်း တာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် မေးခိုင်နှင့်ဆုံဆို့နာ ရောဂါ ကာကွယ် ဆေးများကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေး လျက်ရှိပြီးတစ်နှစ်အောက် ကလေးငယ်(၇၅) ဦးနှင့် ကိုယ်ဝန်ဆောင် (၃၂)ဦးကို ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သနန်ကျေးရွာ၊ ကျန်းမာရေး ဌာန၊ကျန်းမာရေးမှူးဦးမျိုးလွင်ထံမှ သိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)