ကျောက်ကြီး ဧပြီ ၄
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သိန်တန်းရပ်ကွက် ကုန်းကျောင်းပရိယတ္တိစာသင်တိုက်၌ ယနေ့နံနက် ၈:၃၀ အချိန်ခန့်က (၂၄)ကြိမ်မြောက်စူဠဘွဲ့နှင်းသဘင်နှင့် ပါဠိပထမပြန်စာမေးပွဲအောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ကုန်းကျောင်းပရိယတ္တိစာသင်တိုက် ကျောင်းဆရာတော်ဘဒ္ဒန္တစန္ဒိမာထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌက သာသနာရေးဆိုင်ရာကိစ္စရပ်များ ပန်ကြားလျှောက်ထားကာ ပင့်သံဃာ့များအား လှူဖွယ်ဝတ္ထုများဆပ်ကပ်လှူဒါန်းခဲ့ပြီး ၂၀၂၂ ခုနှစ် အစိုးရ ပါဠိပထမပြန်အောင် ပထမလတ်တန်းတွင် စာအောင်သံဃာ(၅)ပါး၊ အခြေပြုမူလတန်းတွင် စာအောင်သံဃာ(၃)ပါး၊ စုစုပေါင်းစာအောင်သံဃာ(၈)ပါးအား စာအောင်လက်မှတ်နှင့်လှူဖွယ်ဝတ္ထုများကို မြို့နယ်ဌာနဆိုင်ရာအကြီးကဲများနှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ကုန်းကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော်က ရေစက်ချတရားချီးမြှင့်ခဲ့ပြီး အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်