မင်းလှ ဧပြီ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကြက်ခြေနီအကြောင်းသိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ်အား ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။
အသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူး ဒေါ်ဇင်မာဝင်းက အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုပြောကြား၍ ကြက်ခြေနီအသင်းရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်၊ ကြက်ခြေနီအမှတ်အသား၊ အသင်းကြီးစတင်ထူတောင်ချိန်၊ အသင်းဝင်အမျိုးအစားစသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ကြက်ခြေနီအသင်းတပ်ခွဲမှူးဦးဝေဖြိုးက ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။
မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာပေပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များဖိတ်ခေါ်၍ သက်ဆိုင်ရာကဏ္ဍအလိုက် Talk Show ဆွေးနွေးပွဲများကို ရိုက်ကူး၍ Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)