ကျွန်းလှ ဧပြီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ဟင်းသီး ဟင်းရွက်သီးနှံများ ချောင်းရေတင်ပြီး စိုက်ပျိုးလျက်ရှိရာ ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ရုံးပတီသီးနှံကို ချောင်းရေတင်စနစ်ဖြင့် ၀ဒသမ ၂၅ ဧက စိုက်ပျိုးထားပါတယ်။ မျိုးဖိုး၊ မြေဩဇာဖိုး၊ ထွန်ယက်ခ၊ လုပ်အားခနဲ့ဆေးဖိုးအပါဝင် ငွေကျပ်တစ်သိန်းခန့် ကုန်ကျပါတယ်။ လက်ရှိပေါက်ဈေး တစ်ပိဿာ ငွေကျပ် ၂၀၀၀ ရောင်းရပါတယ်။ ရုံးပတီစိုက်ပျိုးရာမှာ လွယ်ကူပြီး ကုန်ကျစရိတ်လည်း သက်သာတာကြောင့် တိုးချဲ့စိုက်ပျိုးဖို့ စီစဉ်ထားပါတယ်ဟု” ရုံးပတီစိုက်ပျိုးသူ ဦးနိုင်ကြီးက ပြောပြသည်။
ကျွန်းလှမြိုနယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး စပါးအပြင် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံစိုက်ပျိုးကြရာ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်းရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ