သာယာဝတီမြို့တွင် ပဲတီစိမ်းများ ဆွတ်ခူးချိန်ဖြစ်၍ မိသားစုအပိုဝင်ငွေရရှိ

သာယာဝတီ ဧပြီ ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ယခုကာလအတွင်း ပဲတီစိမ်းများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သဖြင့် မြို့နေပြည်သူများ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိသည်။

သာယာဝတီမြို့နယ် ရေတွင်းကုန်းကျေးရွာမှ စည်ပင်ကျေးရွာအထိ စိုက်ပျိုးထားရှိသော ပဲတီစိမ်းများ အရင့်မှန်ပြီး ခူးဆွတ်ကာလသို့ ရောက်ရှိလာပြီဖြစ်သဖြင့် နံနက် ၇ နာရီမှ ၁၁ နာရီအထိ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ နေ့စားလုပ်အားခငွေ တစ်နေ့လျှင်အမျိုးသား တစ်ဦးလျှင် ၈၀၀၀ ကျပ်နှင့် အမျိုးသမီး တစ်ဦးလျှင် ၆၀၀၀ ကျပ်ခန့်ရရှိပြီး တင်းတောင်းအရေအတွက်ဖြင့် ခူးဆွတ်ပါက တစ်တင်းလျှင် ခူးဆွတ်ခ ၁၀၀၀ ကျပ်အထိရရှိကြောင်း၊ နေ့စားလုပ်အားခများအား ပဲတီစိမ်းခူးဆွတ်ခြင်း၊ အစေ့ထုတ်ပြောင်းများ ခူးဆွတ်ခြင်း၊ တောင်ယာငရုပ်သီးများ ခူးဆွတ်ခြင်းများဖြင့် ရရှိသောကြောင့် ကျေးလက်နေပြည်သူများ မိသားစုတစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)