တောင်ငူမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ Physical Fitness Dance (အခမဲ့) သင်တန်းဖွင့်လှစ်

တောင်ငူ   ဧပြီ ၄

ကျောင်းသားကျောင်းသူများ နွေရာသီအားလပ်ချိန်များ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် Physical Fitness Dance (အခမဲ့)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်သူဇာဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဒေါ်သူဇာထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ၄-၄-၂၀၂၃ ရက်နေ့မှ ၆-၄-၂၀၂၃ ရက်နေ့အထိ (အခမဲ့) ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)