နတ်မောက် အောက်တိုဘာ ၂
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ (၁)ရက်နေ့မှ စတင်ပြီး (၁၄ )ရပ်နေ့အထိ ကပ်ထားကြေညာပေးထားပြီးဖြစ်သည်။
နတ်မောက် မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူပေါင်း တစ်သိန်းကိုးသောင်း ကျော်ရှိပြီး မဲရုံပေါင်း (၂၈၁)ရုံပြင်ဆင်ထားကာ မဲဆန္ဒရှင်များ၏ အခက်အခဲ၊ လိုအပ်ချက်များကို မြို့နယ် ကော်မရှင်အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးပေးလျက်ရှိသည်။ ယခုတစ်ကြိမ်သည် မဲစာရင်းစစ်ဆေးရန် နောက်ဆုံးအခွင့်အရေးဖြစ် သည့်အတွက် မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းများတွင် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိ လာရောက်စစ်ဆေးရန် အထူးလိုအပ်ကြောင်းနှင့် ကော်မရှင်ရုံးခွဲများသို့ လာရောက် မကြည့်ရှု နိုင်ပါကလည်း အွန်လိုင်း Website ဖြစ်သည့် https: // Pindyourpollingstation. Uec.gov.mm/ တွင်ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ (၁)ရက်နေ့မှ (၁၄)ရက်နေ့ထိ (၁၄) ရက်ကြာကပ်ထားပေးသွားမည်ဖြစ်ပြီး မဲဆန္ဒရှင်များအချိန်မီလာရောက် ကြည့်ရှုနိုင်ကြစေရေးအတွက် နတ်မောက်မြို့နယ် မဲရုံအသီးသီးမှ မဲစာရင်းများကို ကပ်ထားကြေညာထားရှိကြောင်းသိရသည်။ လှဝင်း (နတ်မောက်)