မြို့သစ် ဧပြီ ၄
မကွေးတိုင်းဒေကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကွေးကုန်းကျေးရွာတွင် ပြောင်းဖူးဈေးကောင်းသောကြောင့် ဖူးစားပြောင်းများကို မြေအောက်ရေတူးဖော်ကာ ပိုမိုစိုက်ပျိုးလာကြကြောင်း ဒေသခံတောင်သူတွေထံမှ သိရသည်။
ဖူးစားပြောင်းသည် စိုက်ပျိုးပြီး၂ လအကြာတွင် စတင်ဖူးပြီး၃လအကြာတွင် အဖူးများချိုးကာ ရောင်းလို့ရကြောင်း သိရသည်။ ဖူးစားပြောင်းတွင် သကြားပြောင်း၊ ပြောင်းစေးဟူ၍ အများဆုံး စိုက်ပျိုးသော မျိုးများဖြစ်ပြီး၊ လက်လီဈေး တစ်ဖူး ကျပ် ၃၅၀ နှင့် လက်ကားဈေး ကျပ် ၅၀၀ ဈေးဖြစ်ကာ သကြားပြောင်းနှင့် ပြောင်းစေးဈေးတူရောင်းချရ၍ အခုကဲ့သို့ ဈေးတက်နေချိန်တွင် ပြောင်းဖူးစိုက်ပျိုးခြင်းများကိုပိုမိုအလေးထား စိုက်ပျိုးကြသည်။
ဖူးစားပြောင်းများကို တောင်သူအများစုက လေဝင်၊ လေထွက် ကောင်းစေရန် တန်းလိုက်စိုက်ပျိုးကြပြီး တစ်ဧကကို ပြောင်းဖူးပင်အရေအတွက် ၁၀၀၀၀ လောက်ဝင်ဆံ့ကာ တစ်ပင်ကို သုံးဖူး/လေးဖူးဖူး၍ စားလို့ကောင်းပြီး ဈေးကောင်းရသော သကြားပြောင်းနှင့် ပြောင်းစေးများကို ပိုမိုစိုက်ပျိုးလာကြကြောင်း ကွေးကုန်းကျေးရွာ ဒေသခံပြောင်းစိုက်တောင်သူများထံမှ သိရသည်။
ကိုဇော် (ပြန်/ဆက်)