စစ်ကိုင်း ဧပြီ ၄
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတက်စေရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ အချင်းချင်းစည်းလုံးညီညွတ်မှုရှိကာ ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ပြိုင်ပွဲအခမ်းအနားတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မေဇင်မိုးက ပြိုင်ပွဲကျင်းပပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းများကို ဦးစွာရှင်းလင်းဆွေးနွေးပြီး ကလေးများကပြိုင်ပွဲအား စတင်ယှဉ်ပြိုင်ခဲ့ကြကာ ဆုရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူ ကလေးငယ်များကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက် အတွင်း ကလေးငယ်များအား ပြိုင်ပွဲများကျင်းပပေးခြင်း၊ သင်တန်းများဖွင့်လှစ်ပေးခြင်း၊ အများပြည်သူ များဗဟုသုတရရှိစေရန် သုတ/ ရသ၊ စာအုပ်/ စာစောင်များအခမဲ့ငှားရမ်းပေးခြင်း၊ သက်ဆိုင်ရာဌာနများ နှင့်ချိတ်ဆက်၍ အသိပညာပေး Talk Show များပြုလုပ်ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် (ပြန်/ဆက်)