ယင်းမာပင်ခရိုင် ကနီမြို့၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အထူးရဲသင်တန်းဖွင့်လှစ်

ကနီ   အောက်တိုဘာ    ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံ ရေးတာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းကို  ကနီမြို့ အမှတ်(၂) ရပ်ကွက်  သာသနာ့ဗိမာန်တွင် ယမန်နေ့က ဖွင့်ပွဲကျင်းပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းကို ကနီမြို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုအောင်က သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ရာ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဥပဒေအကြောင်းအရာများ ရှင်းလင်းပြောကြားပြီး ၊ သင်တန်းနည်းပြများဖြစ်ကြသော  ရဲအုပ်အောင်ကျော်ဆန်းနှင့် ဒုရဲအုပ်ဝေဖြိုးအောင်တို့မှ အထူးရဲ (၆၀) ဦးအား တာဝန်ယူ၍ အထူးရဲတပ်ဖွဲ့ဝင်များကို ဘာသာရပ် (၁၄)ခု စာတွေ့လက်တွေ့ သင်တန်းသား များ အား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ သင်တန်း ပို့ချသွားမည်ဖြစ်သည်။

သင်တန်းဖွင့်စဉ်ကာလအတွင်း သင်တန်းသားများ နေထိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက် ပေးခြင်း သင်တန်းသားအိပ်ဆောင်၊ စာသင်ဆောင်များကို ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ညွှန် ကြားချက်များနှင့်သက်ဆိုင်ရာဌာနအသီးသီးတို့မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို သိရှိ လိုက်နာရန် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

ခင်ဝင်းကြည်( ပြန် /ဆက်  )