ဘုတ်ပြင်းမြို့နယ် ရာဇာမုနိစေတီတော်တွင် အသစ်တင်လှူပူဇော်မည့် စိန်ဖူးတော်နှင့် ငှက်မြတ်နား တော် မြို့တွင်းသို့ လှည့်လည်ပူဇော်

ဘုတ်ပြင်း မတ် ၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက် မဏီဇေယျာကုန်း တော်ပေါ်တွင် တည်ထားလျက်ရှိသည့် ရာဇာမုနိစေ တီတော်တွင် အသစ်တင်လှူပူဇော်မည့် စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့ကို ယနေ့နံနက်ကမြို့တွင်းသို့ လှည့်လည်ပူဇော်ခဲ့ကြောင်း သိရသည်။

အဆိုပါ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်အား တာဝန်ရှိသူများက ပြည်သူများဖူးမျှော်နိုင်ရန်အတွက်  မြို့ပေါ်ရပ်ကွက်များနှင့် တပ်ရင်းတပ်ဖွဲ့များ သို့ လှည့်လည်ပူဇော်ခဲ့ပြီး စေတီတော်ရှိ ဓမ္မာရုံတွင် စံပယ်ကိန်းဝပ်လျက်ရှိရာ ပြည်သူများလာရောက် ဖူးမျှော်ပူဇော်လျက်ရှိသည်။ စေတီတော်ကြီး ၏ စိန်ဖူးတော်အသစ်နှင့် ငှက်မြတ်နားတော်အသစ် တင်လှူပူးဇော်ပွဲနှင့်  ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ၁၃၈၄ ခုနှစ်၊ နှောင်းတခူး လပြည့်နေ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)